Saturday, December 11, 2021

တည်နေရာ

တည်နေရာ
မနက်ခင်း
မျက်လုံးလေးဖွင့်လို့
ကြည့်လိုက်မိတဲ့ခဏ
တောင်တန်းတွေ ပင်လယ်တွေနဲ့
တိတ်ဆိတ်လို့ ငြိမ့်ငြိမ့်လေး
မနေ့ညက ဒီနေရာမှာ ငါ့လှေ ကျောက်ချခဲ့ပါသလား
တစ်သက်မှာတစ်ခါမှ
မကြုံရသေးတဲ့
ခံစားချက်လေး
ဘယ်တော့မှ မေ့လို့မရနိုင်တော့…
လမ်းလျှောက်ရင်း
ဂုန်းကျော် တံတားပေါ်ဖြတ်
အိမ်နဲ့ ဝေးရာ မိုင်ပေါင်းကုဋေကုဋာ
မျက်လုံးလေးမှိတ်လို့
ကမ္ဘာအပြင်ဘက်ကနေ ကိုယ့်ကိုကိုယ်ပြန်ကြည့်
ကိုယ်ဟာ ဒီလိုတည်ရှိနေပါလား
တစ်ခါမှ
စိတ်မကူး ခဲ့တဲ့
အတွေးလေး
ခုထိ သတိရနေခဲ့တာပေါ့…
ရုတ်တရက်
နွေးထွေးတဲ့ နှုတ်ဆက်သံ
ငါ့ရဲ့တည်ရှိမှု ကို လှုပ်နိုး
အိမ်မက်ကို သက်ဝင်စေခဲ့ သော်လည်း
လူးလွန့်ရာ လှိုင်းလေကြား
စိတ်စေရာ မရောက်ဖြစ်
သည်အိမ်မက်ကို
နှုတ်ဆက်ခဲ့ပါတယ်…
လှိုင်ဝေဝေယံ
11 Dec 21

Friday, December 10, 2021

ပြန်လိုချင်တယ်

 ပြန်လိုချင်တယ်


မြင်ချင်တယ် မင်းအပြုံးနဲ့

ဒီမျက်လုံးတွေ


အရင်က မင်းကိုပြန်တွေ့ချင်တယ်


အချိန်တွေက ပြောင်းလဲစေခဲ့သလား

အတွေ့အကြုံတွေကြောင့်

ရင့်ကျက်လာခဲ့သလား

ငါ့ကိုမတွေ့ချင်လောက်အောင် စိတ်နာစေခဲ့လား


ဆောင်းမနက်ရဲ့

အိပ်မက်ထဲမှာ

မင်းရဲ့ အပြုံးကိုပြန်မြင်ခဲ့တယ်


အိပ်မက်ထဲတောင်

ငါက မဝံ့မရဲနဲ့

တွေဝေနေခဲ့တယ်


လိုချင်တယ် အေးချမ်းမှုနဲ့

မျှော်လင့်ချက်တွေ


အရင်က လွတ်လပ်မှုကို ပြန်လိုချင်တယ်


အဖြစ်အပျက်တွေ က မျှော်လင့်မထားခဲ့တာလား

ကောင်းဖို့အတွက်

ဖြစ်လာခဲ့တာလား

မတန်မရာ ပေးဆပ်မှုတွေလား


ဆောင်းမနက်ရဲ့

မြူတွေကြားက

ခရေပန်းတစ်ကုံး


တိတ်ဆိတ်မှုနဲ့အတူ

ထောင့်တစ်နေရာမှာ

ငြိမ်သက်နေမိတယ်


10 Dec 21

လှိုင်ဝေဝေယံ

Friday, March 13, 2020

နွေးထွေးမှု မေတ္တာ

နွေးထွေးမှု မေတ္တာ

ရုတ်တရက် စိတ်မှာနွေးကနဲ
ခံစားမှု တစ်ခု
တစ်စုံတစ်ရာ သက်ရောက်မှု

ဘာမှပြန်မပြောနိုင်အောင်
ညင်သာတဲ့အပြုံး
လှုပ်ခတ်သွားတဲ့နှလုံးသား
နွေးထွေးမှု အမူအယာ စကားလုံးများ
အံ့ဩမှုဖြင့်သာ

ဒါဟာ တကယ့်ကို
တော်ရုံနဲ့ မေ့ပျောက်မရနိုင်သောအရာ

Friday, May 12, 2017

Ngapli Beach

 
Taken on 29 Apr 17.

Tuesday, July 19, 2016

Chaung Thar Beach

Chaung Thar Beach Taken on 1 Apr 16

စိတ္

စိတ္
အေဝးလည္းသြား
တစ္ပါးတည္းလည္
ကိုယ္ထည္မရွိ
ဂူေအာင္းဘိ။
(ကိုယ္က်င့္အဘိဓမၼာ စာအုပ္မွ)

စိတ်
အဝေးလည်းသွား
တစ်ပါးတည်းလည်
ကိုယ်ထည်မရှိ
ဂူအောင်းဘိ။
(ကိုယ်ကျင့်အဘိဓမ္မာ စာအုပ်မှ)

Sunday, October 18, 2015

Attitude 101 by John C. Maxwell


Allow me to share with you common rotten attitudes that ruin a team so that you can recognize them for what they are when you see them.

An inability to admit wrongdoing.

Failing to forgive.

Petty jealousy.

The disease of me.

A critical spirit.

A desire to hog all the credit.
(Copy from Attitude 101 by John C. Maxwell)
---------------------------------------------------------------
Reading Attitude 101 by John C. Maxwell book translated by Dr. Ye.

Friday, July 03, 2015

Pyin Oo Lwin

ေမၿမိဳ. (သို.) ျပင္ဦးလြင္ - မတ္ ၂၀၁၃

Pagan, Myanmar.

ပုဂံ - ေမ ၂၀၁၄

ရွမ္းျပည္နယ္

ရွမ္းျပည္နယ္ - ဧပရယ္ ၂၀၁၅
 

Sunday, November 17, 2013

Sunday, April 05, 2009

Sunday, January 11, 2009

အမွတ္တရ

ေက်ာ္ျဖတ္ခဲ.တဲ. ေလွကားထစ္ေလးမ်ား
လြမ္းစရာအခ်ိဳးအေကြ. 
လွမ္းေနဆဲ ေျခလွမ္းမ်ား... 

 ခရီးတစ္ေထာက္မွာနား 
အနာဂတ္ နဲ. အတိတ္ 
တိတ္ဆိတ္ျငိမ္သက္ျခင္း အေတြးေလးမ်ား... 

အမွတ္တရေျခရာ
 ေန.သစ္မ်ားသို. 
လက္ရွိအခ်ိန္ေလး ကအဖိုးထိုက္တန္ဆံုး မဟုတ္ပါလား...။

အမှတ်တရ
ကျော်ဖြတ်ခဲ.တဲ. လှေကားထစ်လေးများ
လွမ်းစရာအချိုးအကွေ.
လှမ်းနေဆဲ ခြေလှမ်းများ...

ခရီးတစ်ထောက်မှာနား
အနာဂတ် နဲ. အတိတ်
တိတ်ဆိတ်ငြိမ်သက်ခြင်း အတွေးလေးများ...

အမှတ်တရခြေရာ
နေ.သစ်များသို.
လက်ရှိအချိန်လေး ကအဖိုးထိုက်တန်ဆုံး မဟုတ်ပါလား...။

Thursday, January 01, 2009

Tuesday, July 29, 2008

ခ်စ္သူမ်ားရဲ.ရက္ရာဇာ၂


ေက်ာင္းတုန္းက ကိုယ္.ကဗ်ာပါတဲ. ကဗ်ာစာအုပ္ကို အကိုတစ္ေယာက္က သူ. Blog မွာတင္ထားတာေတြ.လို.

Poem Link

လွိုင္ေ၀ေ၀ယံ

Thursday, January 17, 2008

လြမ္းခြင္.ေတး

ကမ ၻာေျမ ဟာႏိုးထခဲ.ျပီေလ။…..
 …. 
မေျပာင္းလဲတဲ.တာ၀န္ေတြနဲ. နံနက္ခင္းကိုၾကိဳဆိုျမဲ။
 သစ္ပင္ေတြဟာစိမ္းလန္းဆဲ ေနျခည္ျဖာက်ေနျမဲ 
သြားေနက်လမ္း လွမ္းေနၾကစခန္း သို.ျမန္း။ 
လမ္းေတြကညီညာ ေၾသာ္ျပည္သာတဲ.စခန္း 
ပင္ေတာ.ပင္ပန္းတာေပါ.ေလ 
…… 
ညေနအိမ္ျပန္ခ်ိန္
 ေလာကဟာသက္၀င္ဆဲ 
မီးမ်ားနဲ.ထိန္ထိန္ညီး ညၾကီးမင္းၾကီးလား 
မိုးခ်ဳပ္ခြင္.မေပးေတာ.ဘူးလား။
 …… 
လိုအပ္ေနတာ ေလညင္းေလးရဲ.အနမ္း
 ေျမသင္းနံ.ကိုလြမ္း ျမိဳ.ရိုးနီနီကိုလြမ္း 
ညီညာမွုမရွိတဲ. လမ္းကေလးကိုလွမ္းခ်င္သတဲ.
 ေျပာခ်င္ေျပာၾကစမ္း ………….. 
လွိုင္ေ၀ေ၀ယံ

လွမ်းခွင်.တေး
ကမ ္ဘာမြေ ဟာနိုးထခဲ.ပြီလေ။…..
….
မပြောင်းလဲတဲ.တာဝန်တွေနဲ. နံနက်ခင်းကိုကြိုဆိုမြဲ။
သစ်ပင်တွေဟာစိမ်းလန်းဆဲ နေခြည်ဖြာကျနေမြဲ
သွားနေကျလမ်း လှမ်းနေကြစခန်း သို.မြန်း။
လမ်းတွေကညီညာ သြော်ပြည်သာတဲ.စခန်း
ပင်တော.ပင်ပန်းတာပေါ.လေ
……
ညနေအိမ်ပြန်ချိန်
လောကဟာသက်ဝင်ဆဲ
မီးများနဲ.ထိန်ထိန်ညီး ညကြီးမင်းကြီးလား
မိုးချုပ်ခွင်.မပေးတော.ဘူးလား။
……
လိုအပ်နေတာ လေညင်းလေးရဲ.အနမ်း
မြေသင်းနံ.ကိုလွမ်း မြို.ရိုးနီနီကိုလွမ်း
ညီညာမှုမရှိတဲ. လမ်းကလေးကိုလှမ်းချင်သတဲ.
ပြောချင်ပြောကြစမ်း
…………..

လှိုင်ဝေဝေယံ

Friday, January 04, 2008

Thank You!


http://www.123greetings.com/thank_you/everyday/everyday41.html

Tuesday, December 04, 2007

Dell Inspiron 1420



codebase="http://download.macromedia.com/pub/shockwave/cabs/flash/swflash.cab#version=6,0,0,0"
WIDTH="550" HEIGHT="400" id="yourfilename" ALIGN="">


TYPE="application/x-shockwave-flash" PLUGINSPAGE="http://www.macromedia.com/go/getflashplayer">

Monday, November 19, 2007

Thursday, November 15, 2007

Rememberance


My Home Town Mandalay. Mandalay Wall and Moat taken at 21 October 2007.