Friday, December 10, 2021

ပြန်လိုချင်တယ်

 ပြန်လိုချင်တယ်


မြင်ချင်တယ် မင်းအပြုံးနဲ့

ဒီမျက်လုံးတွေ


အရင်က မင်းကိုပြန်တွေ့ချင်တယ်


အချိန်တွေက ပြောင်းလဲစေခဲ့သလား

အတွေ့အကြုံတွေကြောင့်

ရင့်ကျက်လာခဲ့သလား

ငါ့ကိုမတွေ့ချင်လောက်အောင် စိတ်နာစေခဲ့လား


ဆောင်းမနက်ရဲ့

အိပ်မက်ထဲမှာ

မင်းရဲ့ အပြုံးကိုပြန်မြင်ခဲ့တယ်


အိပ်မက်ထဲတောင်

ငါက မဝံ့မရဲနဲ့

တွေဝေနေခဲ့တယ်


လိုချင်တယ် အေးချမ်းမှုနဲ့

မျှော်လင့်ချက်တွေ


အရင်က လွတ်လပ်မှုကို ပြန်လိုချင်တယ်


အဖြစ်အပျက်တွေ က မျှော်လင့်မထားခဲ့တာလား

ကောင်းဖို့အတွက်

ဖြစ်လာခဲ့တာလား

မတန်မရာ ပေးဆပ်မှုတွေလား


ဆောင်းမနက်ရဲ့

မြူတွေကြားက

ခရေပန်းတစ်ကုံး


တိတ်ဆိတ်မှုနဲ့အတူ

ထောင့်တစ်နေရာမှာ

ငြိမ်သက်နေမိတယ်


10 Dec 21

လှိုင်ဝေဝေယံ

No comments: